လွမ်းရတဲ့မိုး ft. Falann Lyrics
- Genre:R&B
- Year of Release:2023
Lyrics
လွမ်းရတဲ့မိုး ft. Falann - Captain-H
...
Verse 1 -
မေ့ပစ်ဖို့လဲ ခက်နေတယ်..
မုန်းပစ်ဖို့လဲ မတတ်နိုင်ခဲ့..
နှလုံးသားလေးကအခုဆိုမင်းကို..
တောင့်တနေမိ..
မဖြစ်နိုင်တော့မှန်း သိပေမယ့်..
ရုန်းထွက်လို့မရ ဖြစ်နေတယ်..
မိုးများသည်းတဲ့နေ့တွေတိုင်းဆို..
သတိရနေပါတယ်..
Breakdown -
ဟူး လား လာ လာ လာ ..
လာ လာ လာ လာ လား ..
ဟိုး.. ဝိုး...
Verse 2 -
လုံးဝ လုံးဝ မဖြစ်နိုင်ဘူး..
ဘေးစကားများရဲ့ စွတ်ဆွဲမှုတွေအောက်မှာ..
ယုံကြည်ခဲ့လို့ တို့နှစ်ယောက်ဝေး..
မိုးစက်လေးများ သက်သေထား..
တစ်ခန်းရပ်သွားသော နေ့စွဲများဟာ..
အကောင်းဆုံးမင်းအတွက် မေ့လိုက်ပါအချစ်ရာ..
Melodic Rap -
ခန့်မှန်းရခက်တဲ့မိုးကို စောင့်နေမိတဲ့
ငါဆိုတာအရူးကြီးလို
ခုထိစွဲလန်းမိသူ ငါရဲ့အတိတ်က
တစ်ကယ်ကို အတုမရှိ
လွမ်းတယ်လို့ စကားထက်ပိုတယ်
အမှန်တော့မင်းအပေါ်လွမ်းနာကျတာ
အရမ်းငါမှားတာလို့ပြောပြီး နင်ပဲ
နောက်ရင်ခွင်ကိုလှမ်းကာသွားတာ
အရင်အချိန်တွေပြန်တမ်းတလည်း
အခုအခြေအနေနဲ့ ဖြစ်နိုင်လာဖို့က
လုံးဝကိုအတွေးထဲမရှိ ခြောက်ကပ်တဲ့ဘဝနဲ့
မသက်ဆိုင်တာမျိုးပါ
အမှတ်တရတွေပြန်ကာတွေးရင်း
စိတ်ကူးထဲတောင်အသိမဲ့တာမျိုး
မိုးသည်းရင် သတိရပေးပါ
ငါကမင်းအတွက် ထီးတစ်လက်ပါလို့
အရှုံးပေးပြီးချစ်ခဲ့တဲ့ငါက မင်းအပေါ်မှာအဆုံးမရှိ
ဒဏ်ရာတွေမကျက်နိုင်သေးလို့ တစ်ခါပြန်ကာဖုံးဖိ
အရာမကျန်အောင်ပြုန်းတီး အပျော်ကြံလာသုံးသည်
မင်းအတွက်ဆိုငါ့နှလုံးသားကမှော်ဆန်ကာအမုန်းမရှိ
မမှီတဲ့ပန်းကိုမှ တုံးခုပြီးတော့
မလှမ်းချင်တော့ပါ
မိုးသည်းတဲ့နေ့တွေတိုင်းဆို
မင်းကိုငါ့မှာလွမ်းနေတော့မှာ
ဒါတွေကရှေးဘဝကုသိုလ်မကောင်းခဲ့လို့
ရတဲ့အကျိုးဆက်တွေလား
အရင်လိုမဖြစ်နိုင်တော့ပါ
မင်းနဲ့လျှောက်မယ့်မိုးစက်တွေကြား
ပိုင်ဆိုင်မှုမရှိတဲ့အချစ်က ဒီရင်မှာကျွမ်းခဲ့
နင်မရှိတဲ့ငါ့အနာဂတ်က မပီပြင်တာအရမ်းပဲ
နောက်ဆုံးတစ်ခေါက်နင်ပြန်လာဖို့
အစီအစဥ်ငါဖမ်းဆွဲ
အချစ်ဆိုတာချစ်တိုင်းမညားလို့
ဒီလောက်နဲ့လမ်းခွဲ
Cho -
မင်းမရှိတဲ့နောက် ငါတစ်ယောက်တည်းဆွေးကာ..
ဖြစ်နိုင်သေးရင် ခဏလောက်ဖြစ်ဖြစ်ပေါ့ငါ့ဆီပြန်ခဲ့..
မိုးသည်းတဲ့ညတွေ အဆင်မပြေဘူးအချစ်ရာ..
အတိတ်ရဲ့အရိပ်တွေမသိစိတ်ထဲကခြောက်လန့်နေလို့
မင်းမရှိတဲ့နောက် ငါတစ်ယောက်တည်းဆွေးကာ..
ဖြစ်နိုင်သေးရင် ခဏလောက်ဖြစ်ဖြစ်ပေါ့ငါ့ဆီပြန်ခဲ့..
မိုးသည်းတဲ့ညတွေ အဆင်မပြေဘူးအချစ်ရာ..
အတိတ်ရဲ့အရိပ်တွေမသိစိတ်ထဲကခြောက်လန့်နေလို့