![A Pyar Yaung Lan Khwal](https://source.boomplaymusic.com/group10/M00/08/31/ca5cded93f1149678630fcc479afffeb_464_464.jpg)
A Pyar Yaung Lan Khwal Lyrics
- Genre:Pop
- Year of Release:2023
Lyrics
နှုတ်ဆက်လိုက်ပါတယ်
အခုတော့ဝေးပြီပဲ
ပုံပြင်ဟောင်းလေးတစ်ပုဒ်ကိုရူးမိုက်ပြီးငါ
ခင်တွယ်နေမိတယ်
နှုတ်ဆက်ခဲ့ပါတယ်
တို့နှစ်ယောက်ဝေးပြီပဲ
ခေါ်သံကြားတဲ့အရပ်ကိုငေးကြည့်ရင်းကာ
မျှော်နေခဲ့ဖူးတယ်
နောက်ထပ်တစ်ခါ ပြန်တွေ့ဖို့
အကြောင်းပြချက်ကမရေရာ
နောက်ထပ်တစ်ခါ ပြန်ဆုံဖို့
အကြိမ်ကြိမ်ဆုတောင်းရင်းသာ
ဘဝ ဒီအချိန်မှာဆုံနိုင်လေတဲ့လား
ခံနိုင်ရည်အင်အားနည်းစွာ
ပြန်မရတော့မယ့် မျှော်လင့်ချက်ကို
ရင်မှာသိမ်းဆည်းထားခဲ့ အရင်အတိုင်း
နောက်တစ်ချိန်မှာပြန်ဆုံနိုင်မှာလား
မသေချာပေမယ့်လည်းကွာ
မပျက်စီးသွားမယ့် ဒီကြိုးတစ်ချောင်းကို
ရင်ထဲထည့်ကာမျှော်ရင်း စောင့်ဦးမှာ
နောက်ထပ်တစ်ခါ ပြန်တွေ့ဖို့
အကြောင်းပြချက်ကမရေရာ
နောက်ထပ်တစ်ခါ ပြန်ဆုံဖို့
အကြိမ်ကြိမ်ဆုတောင်းရင်းသာ
ဘဝ ဒီအချိန်မှာဆုံနိုင်လေတဲ့လား
ခံနိုင်ရည်အင်အားနည်းစွာ
ပြန်မရတော့မယ့် မျှော်လင့်ချက်ကို
ရင်မှာသိမ်းဆည်းထားခဲ့ အရင်အတိုင်း
နောက်တစ်ချိန်မှာပြန်ဆုံနိုင်မှာလား
မသေချာပေမယ့်လည်းကွာ
မပျက်စီးသွားမယ့် ဒီကြိုးတစ်ချောင်းကို
ရင်ထဲထည့်ကာမျှော်ရင်း စောင့်ဦးမှာ
ဘဝ ဒီအချိန်မှာဆုံနိုင်လေတဲ့လား
ခံနိုင်ရည်အင်အားနည်းစွာ
ပြန်မရတော့မယ့် မျှော်လင့်ချက်ကို
ရင်မှာသိမ်းဆည်းထားခဲ့ အရင်အတိုင်း
နောက်တစ်ချိန်မှာပြန်ဆုံနိုင်မှာလား
မသေချာပေမယ့်လည်းကွာ
မပျက်စီးသွားမယ့် ဒီကြိုးတစ်ချောင်းကို
ရင်ထဲထည့်ကာမျှော်ရင်း စောင့်ဦးမှာ
မပျက်စီးသွားမယ့် ဒီကြိုးတစ်ချောင်းကို
ရင်ထဲထည့်ကာမျှော်ရင်း စောင့်ဦးမှာ