Moe Kha Yae Lyrics
- Genre:Country
- Year of Release:2018
Lyrics
Moe Kha Yae - David Lai
...
ငါလေ အမှန်အတိုင်းပဲ စကားတွေဆို
အဖြူထည်ငါ့နှလုံးသား မယိမ်းယိုင်ဖို့
လျောက်တဲ့လမ်းတိုင်း ဖြောင့်တန်းအောင်
စဉ်းစားမိသမျှ ညီမျှအောင်
စာနာတတ်သော လူသားတစ်ယောက်ဖြစ်ချင်တယ်
လူတွေကို ငါခွင့်လွှတ်တတ်လာတယ်
တစ်ခါတစ်ရံမျှော်လင့်သလောက်မဖြစ်ပေမယ့်
အမြဲတမ်းအရှုံးပေးနေတဲ့ငါ့ကို
ချနင်းပြီး ဟားတိုက်လှောင်အုံးမလား
ခံနိုင်ရည်ရှိသော လူသားတစ်ယောက်ဖြစ်ချင်တယ်
တကယ်ဆိုရင်လူ့ဘဝတိုတောင်းလွန်းလှပါတယ်
စာနာစိတ်များ နည်းပါးမသွားစေနဲ့
ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ
လူတွေကို ငါခွင့်လွှတ်တတ်လာတယ်
တစ်ခါတစ်ရံ မျှော်လင့်သလောက် မဖြစ်ပေ့မယ်
အမြဲတမ်းအရှုံးပေးနေတဲ့ငါ့ကို
ချနင်းပြီး ဟားတိုက်လှောင်အုံးမလား
ခံနိုင်ရည်ရှိသော လူသားတစ်ယောက်ဖြစ်ချင်တယ်
တကယ်ဆိုရင်လူ့ဘဝ တိုတောင်းလွန်းလှပါတယ်
မာန်မာနများ ရန်ညှိုးများမရှိစေနဲ့
ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ
လောကသစ္စာ အမှန်ဆိုတာ ငုပ်လျှိုးလည်းခဏ
ယုံကြည်ရာဆီ အပြုံးမပျက်သွား
စာနာစိတ်ကလေးထား အခက်အခဲကြားမှာ
မသောက်ဘူး မိုးခါးရေများ
တကယ်ဆိုရင် လူ့ဘဝ တိုတောင်းလွန်းလှပါတယ်
မာန်မာနများ ရန်ညှိုးများမရှိစေနဲ့
ဘယ်သူတွေ တရားပျက်ပျက်
ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ
စာနာစိတ်ကလေးထား အခက်အခဲကြားမှာ
မသောက်ဘူး မိုးခါးရေများ
ဘယ်သူတွေ တရားပျက်ပျက်
ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ